ဧရာဝတီဆည်
နောက်ခံသမိုင်းကြောင်း
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည်။ နိုင်ငံ၏ အလယ်ပိုင်းကို ဖြတ်သန်းလျှက် စီးဆင်းနေသော ဤမြစ်ကို ပြည်သူသန်းပေါင်းများစွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အမှီပြုလျက်ရှိသည်။ စစ်အစိုးရသည် ဒေသခံ ပြည်သူများနှင့် ညှိနှိုင်းခြင်းမရှိပဲ ဧရာဝတီမြစ်နှင့် ကချင်ပြည်နယ်ရှိ ၄င်း၏မြစ်လက်တက်ပေါ်တွင် ကြီးမားသော ဆည် ၇ ခုတည်ဆောက်ရန် တရုတ်ကုမ္ပဏီများကို ခွင့်ပြုလျှက်ရှိသည်။ ထိုဆည် ၇ ခုမှ လျှပ်စစ် ဓာတ်အား ၁၇၁၆၀ မီဂ္ဂါဝပ်ကို ထုတ်လုပ်ရရှိမည်ဖြစ်ပြီး ဤပမာဏသည် တနိုင်ငံလုံးအတွက် သုံးစွဲနေသော စွမ်းအင်ပမာဏထက် ၅ ဆကျော်ရှိသည်။
၁၅၂ ပေအမြင့်ရှိ ဧရာဝတီမြစ်ဆုံဆည် (၆၀၀ မီဂ္ဂါဝပ်)...
ဒါပိန်ဆည်
နောက်ခံသမိုင်းကြောင်း
အစိုးရပိုင် တရုတ်ဒါတန်းကုမ္ပဏီသည် တရုတ်နယ်စပ်ရှိ ဒါပိန်မြစ်ပေါ်တွင် ဆည်ခုနှစ်ခု တည်ဆောက်ရန် အတွက် သဘောတူညီမှုရရှိထားပြီးဖြစ်သည်။ ဒါပိန်ရေအားလျှပ်စစ်စီမံကိန်း အမှတ်(၁) ဆောက်လုပ်ရေးကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၉ရက်နေ့တွင် စတင်လုပ်ဆောင်၍ ၂၀၁၁ဖေဖော်ဝါရီလတွင် ပြီးစီးခဲ့ပြီး လျှပ်စစ်ဓါတ်အားများ စတင်ပေးခဲ့သည်။ ၂၀၀၆ ခုနှစ် မြန်မာ့သတင်းများအရ ဒါပိန်ရေအားလျှပ်စစ်စီမံကိန်း အမှတ်(၁)၏ ကုန်ကျစရိတ်စုစုပေါင်းမှ ယွင်သန်းပေါင်း ၁၀၈သန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ ဒါတန်းကုမ္ပဏီအဆိုအရ ဆည်များမှ ရရှိမည့် ၉၀ ရာခိုင်နှုန်းသော စွမ်းအင်မှာ တရုတ်နိုင်ငံအတွက်ဖြစ်သည်။
ပါဝင်သည့်ကုမ္ပဏီများ
တရုတ်
တရုတ်ဒါတန်းကော်ပိုရေးရှင်း (China Datang Corporation)
တရုတ်နိုင်ငံအလယ်ပိုင်း လျှပ်စစ်ဓါတ်အားကွန်ယက်ကုမ္ပဏီ (Central China...
ငေါ့ချမ်းခ ရေကာတာ
၂၀၁၀ ဇူလိုင်လ အစောပိုင်းတွင် မြန်မာလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် (YPIC) ခေါ် နိုင်ငံတကာ လျှပ်စစ်ကော်ပိုရေးရှင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ကုမ္ပဏီလီမိတက်နှင့် နိုင်ငံတကာ စီပွားရေးလုပ်ငန်းရှင်များအဖွဲ့ တို့သည် ငေါ့ချမ်းခ ရေအားလျှပ်စစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်ပြည်နယ်စပ်တွင်တည်ရှိသော ငေါ့ချမ်းခ မြစ်ပေါ်တွင် လေ့လာစမ်းသပ်မှုအဆင့် ၅ ကြိမ်ပြုလုပ်ခဲ့ပြီး၊ ယင်းရေကာတာမှ လျှပ်စစ်စွမ်းအား (၁၀၅၅) မီဂ္ဂါဝပ်ထုတ်ယူမည်ဖြစ်သည်။ ထိုစီမံကိန်းတွင် ယူနန်ဒေသ ရင်းနှီးမြုပ်နှံမှု ဦးပိုင် အုပ်စု ကုမ္ပဏီလီမိတက်တို့လည်း ပါဝင်လုပ်ကိုင်ကြသည်။