နောက်ခံသမိုင်းကြောင်း
ကချင်ပြည်နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ ကျားထိန်းသိမ်းရေးနယ်မြေကို မြန်မာအစိုးရမှ ၂၀၀၁ ခုနှစ်တွင် အမေရိကန်အခြေစိုက် တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Wildlife Conservation Society)၏ အကူအညီဖြင့် သတ်မှတ်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေပြုလုပ်ရန်အတွက် ၂၁၈၉၀ စတုရန်းကီလိုမီတာ အကျယ်အ၀န်း (၈၄၅၂ စတုရန်းမိုင်) ရှိသော ချိုင့်ဝှမ်းတခုလုံးပါဝင်စေရန် ၂၀၀၄ခုနှစ်တွင် ထိုထိန်းသိမ်းရေးနယ်မြေကို တိုးချဲ့သတ်မှတ်ခဲ့သည်။
မြန်မာစစ်အစိုးရသည် ကျားထိန်းသိမ်းရေးနယ်မြေတွင် ရေနံတူးဖော်ရေးကိုလည်း လုပ်ခွင့်ပြုခဲ့ပြီး စစ်တပ်အာဏာပိုင်များ နှင့်နီးစပ်သူ စီးပွါးရေးလုပ်ငန်းရှင်ကိုလည်း ဤထိန်းသိမ်းရေးနယ်မြေတွင် ဇိဝလောင်စာဆီရရှိရေးအတွက် ကြီးမားကျယ်ပြန့်သည် ပီလောပီနံ စိုက်ပျိုးရေးလုပ်ကိုင်ရန် အားပေးအားမြှောက်ပြုခဲ့သည်။
ဤကဲ့သို့ ထိန်းသိမ်းရေးနယ်မြေအတွင်း ဖျက်ဆီးနေမှုများအပေါ် တောင်ရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS) မှ ယခုချိန်အထိ မည်သည့်တုန့်ပြန်မှုမှ မရှိသည့်အပြင် ဟူးကောင်းချိုင့်ဝှမ်းသည် အဓိက ကမ္ဘာ့ကျားထိန်းသိမ်းရေး နယ်မြေဖြစ်ကြောင်း ပြောဆိုနေဆဲဖြစ် သည်။ ၂၀၁၀ နိုဝင်ဘာတွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျားထိန်းသိမ်းရေးအစည်းအဝေးတွင် မြန်မာ ကိုယ်စားလှယ်များမှ နောင် အနှစ် ၁၂ နှစ်အတွင်း ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ကျားကောင်ရေ မှုလထက် နှစ်ဆ တိုးမြင့်လာအောင် လုပ်ဆောင်သွားမည့်အကြောင်း ကတိပြုခဲ့သည့်။
စိုးရိမ်ချက်များ
ပီလောပီနံစိုက်ပျိုးရေး
မြန်မာနိုင်ငံ၏ ရက်စက်ကြမ်းကြုတ်လှသော အာဏာရှင်တဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည်။ ရန်ကုန်အခြေစိုက် ယုဇနကုမ္ပဏီကို ကျားထိန်းသိမ်းရေးနယ်မြေတွင် ဤ “ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်ရေးဇုန်” ကို ၂၀၀၆ ခုနှစ်၌ လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ယုဇနကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းများတွင် တခုအပါအ၀င်ဖြစ်ပြီး ဥကဌမှာ မြန်မာနိုင်ငံ၏ နာမည်အကြီး ဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့်အပြင် ယခုလက်ရှိတွင်လည်း အမတ်အဖြစ်ရွေးချယ်ခံ ထားရသူတဦးဖြစ်သည့် ဦးဌေးမြင့် ဖြစ်သည်။
ယနေ့ ဧက ၂၀၀၀၀၀ ရှိ ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်းစီမံကိန်းကြီးသည် ထိန်းသိမ်းရေးနယ်မြေ၏ အဆင့်အတန်းကို ပျယ်ရယ်ပြုသည်။ ထွန်စက်၊ မြေတူးစက်၊ မြေညှိစက်၊ အမြောက်အများသည် သစ်တောအုပ်များကို တစစိဆွဲထုတ်ပစ်လိုက်ပြီး ၀ါးရုံများကို ပြားပြားဝက်ဖြိုလှဲပစ်ကာ ရှိပြီးသား လယ်မြေငယ်များကိုလည်း ပြားဝပ်စေခဲ့သည်၊ တိရစ္ဆာန်နယ်မြေသတ်မှတ်ထားသည့် ဆိုင်းဘုတ် များနှင့် “အမဲမပစ်ရနယ်မြေ” ဆိုသည့် ဆိုင်းဘုတ်များသည် ယခုအချိန်တွင် ဘာမျှမရှိတော့သည့် ရှုခင်းကွင်းပြင်ကြီးကို ဆန့်ကျင်လျှက် ထီးထီးမားမား ကျန်ရစ်နေခဲ့သည်။ ထိန်းသိမ်းစောင့်ရှောက် ရေး ကြိုးပမ်းမှုများကြောင့် ကျန်ရှိနေသမျှမှာ ထိုအရာများသားဖြစ်တော့သည်။ ပြည်ပအလုပ်သမား ၂ ထောင်ကျော်၏ နေ့စဉ်အလုပ်ကြိုးပမ်းများနှင့် ဓာတုဗေဒ ဓါတ်မြေသြဇာများ၊ မြက်သတ်ဆေး များ (အပင်သေဆေး) အသုံးပြုခြင်းများကြောင့် ဒေသတခုလုံးသည် ပီလောပီနံစိုက်ခင်းများ၊ ကြံစိုက်ခင်းများ၊ ကြက်ဆူ စိုက်ခင်းများအဖြစ် အသွင်းပြောင်းနေပြီးဖြစ်သည်။
ရေနံတူးဖော်ခြင်း
ဟူးကောင်းချိုင့်ဝှမ်းတခုလုံးသည် ထိန်းသိမ်းကာကွယ်ရမည့် ဒေသဖြစ်သော်လည်း နယ်မြေအစိတ် အပိုင်းများစုမှာ ရေနံတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထားသည်။ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ကော်ပိုရေးရှင်းသည် ထိန်းသိမ်းရေးနယ်မြေထဲတွင် လုပ်ကွက် A (Block A)ကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ရုရှားကုမ္ပဖြစ်သည့် (Nobel Oil)သည်လည်း ထိန်းသိမ်းရေးနယ်မြေ အတွင်း ရေနံတူးဖော်ရန် ၂၀၀၈ ခုနှစ်မှစ၍ စာချုပ်ချုပ်ဆိုခဲ့သည်။
ရွှေတူးဖော်ရေးလုပ်ငန်း
ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း အဓိက ရွှေတူးဖော်သည့် နေရာပေါင်း ၃၁ နေရာနှင့် ကျားထိန်း သိမ်းရေးနယ်မြေတ၀ှမ်းရှိ လုပ်ဆောင်လျှက်ရှိသော သတ္ထူတူးဖော်ရေးလုပ်ငန်းပေါင်း ၁၀၀ ကျော် နှင့် ပတ်သက်၍ (KDNG ) ၂၀၀၆ ခုနှစ်တွင် မှတ်တမ်းပြုစုထားသည်။
အုပ်ချုပ်သူစစ်အစိုးရသည် ရွှေတူးဖော်ရေးကုမ္ပဏီများကို လုပ်ပိုင်ခွင့်များပေးပြီး လုပ်ငန်းအဆင် ပြေချောမွေ့စေရန် အတွက် ထို့ကုမ္ပဏိများ အစိုးရအား မြင့်မားသော အခွင့်ငွေများနှင့် လာဘက် ထိုးမှုများကို ပြန်လည်ပေးဆောင်ရသည်။ ထိုတူးဖော်ရေးလုပ်ငန်းများသည် ဥပဒေမဲ့စွာ စွန့်ပစ်ပစ္စည်းများနှင့် အဆိပ်တောက်များကို စွန့်ပစ်ကြသည့်အတွက် တိရစ္ဆာန်များ၏ တည်ရှိနေ ထိုင်ရာနေရာနှင့် ရေလမ်းကြောင်းများကို ပျက်စီးစေသည်။ တူးဖော်ရေးလုပ်ငန်းတွင် ၀င်ရောက် လုပ်ကိုင်ရန်အတွက် ချိုင့်ဝှမ်းဒေသသို့ လူအမြောက်အများ ၀င်ရောက်ပြောင်းရွေ့နေထိုင်ခြင်းသည် လည်း သဘာဝပတ်ဝန်းကျင်အား ဖိအားဖြစ်စေသည်။ ရွှေတူးဖော်ရေးလုပ်ငန်းကြောင့်လည်း အနုတ်လက္ခဏာဆောင်သည့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများစွာရှိပါသည်။
ပါဝင်သည့် ကုမ္ပဏီများ
နိုဘယ်အွိုင်း
ရုရှားရေနံကုမ္ပဏီဖြစ်သည့် နိုဘယ်အွိုင်းကုမ္ပဏီသည် မြန်မာနိုင်ငံရှီ ကုန်းတွင်းပိုင်းနေရာ နှစ်နေရာ တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ဖက်စက်ထုတ်ယူရန်အတွက် မြန်မာရေနံနှင့် သဘာဝဓါတ်ငွေ့လုပ် ငန်း (MOGE) နှင့် စာချုပ်ချုပ်ထားကြောင်း မြန်မာအစိုးရပိုင်သတင်းစာဖြစ်သည့် မြန်မာအလင်း သတင်းစာတွင် ၂၀၀၈ စက်တင်ဘာ ၉ ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။ (MOGE) ၏ ညွန်ကြား ရေးမှူး ဦးမြင့်ဌေး နှင့် နိုဘယ်အွိုင်းကုမ္ပဏီ ဥက္ကဌ (Grigory Gurevich) တို့မှ ချုပ်ဆိုခဲ့သည့် ဤစာချုပ်အရ ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်မှုကို ဟူးကောင်းနှင့် အူရှုးဒေသတွင် လုပ်ဆောင် သွားမည်ဖြစ်သည်။
ယုဇန
ယုဇနကုမ္ပဏီကို ဦးဌေးမြင့်မှ ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်တွင်မြန်မာ နိုင်ငံ၏ နာမည်အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင်းတဦးဖြစ်သည့်အပြင် ယခုလက်ရှိတွင်လည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှ အမတ်အဖြစ်ရွေးချယ်ခံထားရသူ တဦးဖြစ်သည့် ဦးဌေးမြင့် ဖြစ် သည်။ ကုမ္ပဏီသည် ဟော်တယ်နှင့် ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းဆိုင်ရာ ဆောက်လုပ်ရေးများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း (အထူးသဖြင့် ဆီအုန်းနှင့် ရာဘာစိုက်ပျိုးရေး) များတွင်လည်း ပါဝင်လုပ်ဆောင်သည်။ ကုမ္ပဏီသည် ရန်ကုန်တွင် ဟော်တယ် (၃) ခုနှင့် ယုဇနစူပါမားကတ်ကိုလည်း ပိုင်ဆိုင်ထားသည်။ ၂၀၀၇ ခုနှစ်တွင်ယုဇနသည် မြစ်ကြီးနား နှင့် တနိုင်း (Danai) ကြားရှိ လီဒိုလမ်းမကြီးကို ပြန်လည်တည်ဆောက်ရန် ကန်ထရိုက်လုပ်ခွင့် ရခဲ့ သည်။ ထိုကန်ထရိုက်အရ ယုဇနကုမ္ပဏီသည် ထိုလမ်းမအတွက် အခွန်ကောင်ခံပိုင်ခွင့်ကို နှစ် ၃၀ ကြာလုပ်ပိုင်ခွင့်ရရှိခဲ့သည်။
ဦးဌေးမြင့်သည် စစ်တပ်နှင့် နီးစပ်သူ အထူးသဖြင့် စစ်တပ်၏ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေး နှင့် နီးစပ်သူတဦးဖြစ်သောကြောင့် ဥရောပ သမဂ္ဂသို့ သွားရောက်ခွင့် ပိတ်ခွင့်ခံရပြီး အမေရိကန်နိုင်ငံ ၏ ပိတ်ဆို့အရေးယူမှုကိုလည်းခံရသူဖြစ်သည။
ဦးဌေးမြင့်သည် မြန်မာငါးဖမ်းလုပ်ငန်းအဖွဲ့ချုပ်၏ ဥက္ကဌတဦးဖြစ်ပြီး ဆောက်လုပ်ရေးဦးပိုင်အသင်း ၏ အကြီးအကဲတဦးလည်း ဖြစ်သည်။ ထို့အပြင် ဦးဌေးမြင့် သည် ငါးဖမ်းသဘောင်္ဦးပိုင်အသင်း၏ ဥက္ကဌတဦးဖြစ်သည်။
လူမှုအဖွဲ့အစည်း၏ လှုပ်ရှားမှုများ
အဖြေရှာခြင်း
အကယ်၍ ထိန်းသိမ်းရေးနယ်မြေအား ရေရှည်တည်တံ့ရေးအတွက်ဆိုလျင် ဒေသခံပြည်သူများ အနေဖြင့် ဟူးကောင်းချိုင့်ဝှမ်းဒေသနှင့် ပတ်သက်သည့် စီမံအုပ်ချုပ်မှုများတွင် ပါဝင်ပတ်သက်ခွင့် ရှိရန်လိုအပ်ပြီး ထိုဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင်လည်း ပါဝင်ခွင့်ရှိရန် လိုအပ်သည်။ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များအနေဖြင့် ၄င်းတို့၏ လုပ်ငန်းစဉ် များကို ပြန်လညသုံးသပ်သင့်ပြီး ကျားထိန်းသိမ်းရေးနယ်မြေ ဖျက်ဆီးခံနေရမှုနှင့် ပတ်သက်၍ တိတ်ဆိတ်မနေသင့်ပေ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရန်၊ အခွင့်အရေးများကို အသိအမှတ်ပြု ရန်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မှုရှိရန်နှင့် လူမှုရေးတရားမျှတမှုများရှိရန်အတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် စစ်မှန်သော ဒီမိုကရေစိစနစ်ရှိရမည်ဖြစ်သည်။