Home စိုက်ပျိုးရေးစီမံကိန်း

စိုက်ပျိုးရေးစီမံကိန်း


နောက်ခံသမိုင်းကြောင်း ကြီးမားလှတဲ့ စက်ယန္တရားများဟာ ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်ဖို့အတွက် လယ်မြေငယ်လေးတွေကို ရှင်းလင်းပစ်လိုက်တယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ခါးသီးလှသည့် မြေယာတိုက်ပွဲမှာ ယခုချိန်ထိ ဖြေရှင်းမပြီးသေးပေ။ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေအတွင်း ကြီးမားကျယ်ပြန့်သည့် ပီလောပီနံစိုက်ခင်းများ လုပ်ကိုင်နေမှု ကြောင့် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးကို ထိုချိုင့်ဝှမ်းဒေသအတွင်း မျိုးရိုးစဉ်ဆက် နေထိုင် လာခဲ့ကြသော လယ်သမားများမှ အံတုရင်ဆိုင်နေကြသည်။ မြန်မာနိုင်ငံ၏ ရက်စက်ကြမ်းကြုတ်လှသော အာဏာရှင်တဉီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရန်ကုန်အခြေစိုက် ယုဇနကုမ္ပဏီကို ကျားထိန်းသိမ်းရေးနယ်မြေတွင် ဤ“စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဇုန်”ကို ၂၀ဝ၆ ခုနှစ်၌ လုပ်ကိုင်ခွင့် ပြုခဲ့သည်။ ယုဇနကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းများတွင် တခုအပါအဝင်ဖြစ်ပြီး ဉက္ကဌမှာ...