ပုံနှိပ်ထုတ်ဝေမှု – Kachin Development Networking Group (KDNG)

ကချင်ဌာနေဒေသခံလူထု၏ မြေယာစီမံအုပ်ချုပ်မှု၊ မြေယာအသုံးချမှု မူဝါဒ အကြံပြုစာတမ်း
ကချင်ဒေသ၏မြေယာမူဝါဒများချမှတ်ရာတွင် ဤမူဝါဒအကြံပြုစာတမ်းသည် ဖက်ဒရယ်ဒီမိုကရေစီ၊ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့်တို့ကိုကျင့်သုံးရာ ၌ အထောက်အကူပြုစေရန်နှင့် ကချင်ဌာနေဒေသခံလူထုကို အဓိကထားမျက်နှာမူသော မြေယာနှင့်ပတ်သက်၍စီမံအုပ်ချုပ်မှုများနှင့်မြေအသုံးချမှုစနစ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။သို့ဖြစ်၍ တိုင်းပြည်တစ်ပြည်၏ဥပဒေလုပ်ထုံးလုပ်နည်းများ စည်းနှောင်အား ရှိစွာဆောင်ရွက်နိုင်ရန်အတွက်မူဝါဒသည် လွန်စွာ အရေးကြီးလှပါသည်။ထို့အတူမူဝါဒများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့်အဖွဲ့အစည်းများလည်း ရှိရမည် ဖြစ်ပါသည်။သို့မှသာလက်တွေ့အသုံးချမည့်မြေများနှင့်ပတ်သက်၍သတ်မှတ်ခွဲခြားနိုင်မည်ဖြစ်ပါသည်။ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်အစိုးရမှ မြေယာမူဝါဒများရေးဆွဲချမှတ်ရာတွင် ဤမူဝါဒအကြံပြုစာတမ်းပါ အချက်အလက် များကို တရားဝင်အသိအမှတ်ပြု၍ လက်တွေ့အသုံးပြုကျင့်သုံးဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။

နောင်တွင် ကချင်ဌာနေဒေသခံပြည်သူများ၏ ကြုံတွေ့နေရသော မြေယာသိမ်းဆည်းမှုပြဿနာအဖြစ်ဆိုးများ ထပ်မံမကြုံတွေ့ရလေအောင်ပြည်သူများ၏မြေယာများကိုအကာအကွယ်ပေးသည့်မြေယာနှင့်သက်ဆိုင်သောဥပဒေများ ပြဌာန်းလာနိုင်စေရန်အတွက်ရည်ရွယ်၍ဤမူဝါဒအကြံပြုစာတမ်းကိုထုတ်ဝေရခြင်းဖြစ်ပါသည်။အထူးသဖြင့်ယခင် ကတည်းက ကျင့်သုံးလျက်ရှိသော ကချင်ဒေသ Kachin Customary Law အား ပြန်လည် အသက်သွင်းနိုင်ရန် အထိ ရည်ရွယ်ပါသည်။

ဤကချင်ဌာနေဒေသခံလူထု၏ မြေယာစီမံအုပ်ချုပ်မှု၊ မြေယာအသုံးချမှု မူဝါဒ အကြံပြုစာတမ်းစာအုပ် ဖြစ်ပေါ်လာရန်အတွက် မြေသိမ်းယူခြင်းပြဿနာကို လက်တွေ့ကြုံတွေ့ရသော ဟူးကောင်းချိုင့်ဝမ်းဒေသ၊မြစ်ဆုံဒေသ၊ ပူတာအိုဒေသ၊ ချီဖွေဒေသ ၊ ဆော့လော်ဒေသ၊ ဖားကန့် ဒေသ၊ ဝိုင်းမော်ဒေသ၊ ဗန်းမော်ဒေသ များရှိ ကချင်ဌာနေ ဒေသခံ လူထုများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ အလုပ်ရုံဆွေးနွေးပွဲအကြိမ်ကြိမ်ပြုလုပ်ခြင်း၊ ကွင်းဆင်းလေ့လာခြင်းဖြင့် ရရှိ လာသော အချက်အလက်များ၊ မြေယာနှင့်ပတ်သက်သော သုတေသီများ၏စာအုပ်စာတမ်းများနှင့် အင်တာနက်ဝက်ဆိုဒ် များမှ ကိုးကားခြင်း၊ မြေယာနှင့်သဘာဝအရင်းအမြစ်နှင့်ပတ်သက်၍ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ (KDNG)၏ (၁၀) နှစ်ကျော်သုတေသနပြုလုပ်ခဲ့သော အတွေ့အကြုံများကို အခြေခံ၍ သုတေသနပြုလုပ် ရေးဆွဲထားခြင်း ဖြစ်ပါသည်။

အပြည့်အစုံယူရန်

သွေးစွန်းသောပယင်း
၂၀၁၈ ခုနှစ်တွင် မြန်မာအစိုးရတပ်ဖွဲ့များသည် ဌာနတိုင်းရင်းသား လူဦးရေကိုထပ်မံ မောင်းထုတ်ရန်နှင့် နယ်မြေ၏ ကြွယ်ဝသောသဘာဝသယံဇာတများနှင့် မဟာဗျူဟာမြောက်ကုန်သွယ်ရေးလမ်းကြောင်းများ အပေါ် ထိန်းချုပ်မှုကို တိုးချဲ့ရန် ကချင်ပြည်နယ်တွင်သူတို့၏ စစ်ပွဲကို တစ်ဆင့်မြှင့် ခဲ့သည်။ တရုတ်နိုင်ငံ၏ ခါးပတ်ကွင်းနှင့် လမ်းပဏာမ ခြေလှမ်း၏အစိတ်အပိုင်းဖြစ်သည့် တရုတ်နှင့် အိန္ဒိယဆက်ထားသော သမိုင်းဝင် လီဒိုလမ်း လုံခြုံရန်နှင့်အကျိုးအမြတ်ကြီးမားများပြားလှသော ပယင်းတူးဖော်မှုများကို သိမ်းပိုက်ရန် ကြောက်မက်ဖွယ်အကောင်းဆုံးသော ထိုးစစ်ကြီးကိုကချင်ပြည်နယ်၏ အနောက်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းတွင်ပြုလုပ်ခဲ့ သည်။ ကချင်ပြည်နယ်၏ပယင်းသည်ကမ္ဘာ့ရတနာဖြစ်သည်။ ယင်းသည် ဒိုင်နိုဆော ခေတ်အတွင်းဖြစ်ပေါ်သည့် တစ်ခုတည်းသော အမျိုးအစားဖြစ်သည်။

အပြည့်အစုံယူရန်

ငေါ့ချမ်းခလွင်ပြင်ကို ထိန်းသိမ်းကာကွယ်ခြင်း
အစီရင်ခံစာ အနှစ်ချုပ်

စိတ်ကို ညို့ယူဖမ်းစားနိုင်သည့် အလှတရားများနှင့် ဇီဝမျိုးကွဲ စုံလင်ပြီး ထောင်ပေါင်းများစွာသော ကချင်ဌာနေ တိုင်းရင်းသားဘိုးဘေးတို့၏ ဌာနစံပျော်ရာ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်းနှင့် တရုတ်နိုင်ငံနယ်စပ်ရှိ ငေါ့်ချမ်းခလွင်ပြင်သည် မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများတို့မှ စီမံချက်ဖြင့် အကောင်အထည်ဖော်မည့် အကြီးစား ရေအားလျှပ်စစ်ထုတ်ရေ ကာတာလေးခု၏ ခြိမ်းခြောက်မှုအောက်တွင် ရောက်ရှိနေပါသည်။

အဆိုပါ ရေကာတာစီမံကိန်းများကို တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (International Coorperation and Development Corporation – YEIG)အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေပြီး လျှပ်စစ် ဓာတ်အားမီဂါဝပ် ၁၂၀ဝ ထုတ်လုပ်နိုင်ရေးအတွက် ဧရာဝတီမြစ်၏ အဓိက မြစ်လက်တက် တစ်ခု ဖြစ်သော မေခမြစ်၏ လက်တက်တစ်ခုဖြစ်သည့် ငေါ့်ချမ်းခမြစ်ကို ပိတ်ဆို့ရန် စီစဉ်နေကြသည်။ ငေါ့်ချမ်းခမြစ်ကို အခြေတည်ကာ ဖြစ်ပေါ်သော ငေါ့်ချမ်းခလွင်ပြင်သည် ချီဖွေနှင့်ဆော့လော်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာမှ ငေါ့်ချမ်း၊ လာချိတ်၊ လော်ဝေါ်နှင့် လီဆူဌာနေတိုင်းရင်းသား စုစုပေါင်း ၄၅၀ဝ ကျော်၏ ဘဝနေထိုင်မှုများကို အကျိုးပြု ထောက်ပံ့ထားသည်။ အထက်ပါ ကျေးရွာလူ့အဖွဲ့အစည်းများ လွန်ခဲ့သော နှစ် ၁၀ဝ၀ ကျော်အတည်းကရေရှည်တည်တံ့စွာ နေထိုင်ခဲ့ကြပြီး မြစ်ဝှမ်းလွင်ပြင်တစ်လျှောက် မတ်စောက်လှသောတောင်တန်းများကြားရှိ လွင်ပြင်ထဲတွင် စိုက်ပျိုးမွေးမြူကာ လုပ်ကိုင်စားသောက်ခဲ့ကြသည်။

အပြည့်အစုံရယူရန်

Download English Version

ကျောက်စိမ်း မြန်မာနိုင်ငံ၏ “ကြီးမားသည့် နိုင်ငံတော် လျှို့ဝှက်ချက်”
၂၀၁၁ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံကို တံဆိပ်ပြောင်းလဲကပ်ထားသော အစိုးရသည် ရက်စက်သော စစ်အာဏာရှင်များ အုပ်ချုပ်ခဲ့သည့်

အပယ်ခံနိုင်ငံတစ်ခုအား နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည့် အရပ်သားအစိုးရအုပ်ချုပ်သော နိုင်ငံအဖြစ် ပြောင်းလဲနေပြီ ဖြစ်ကြောင်း ကမ္ဘာအား ကြေညာခဲ့သည်။ အရေးကြီးသည့်ကဏ္ဍအများအပြားတွင် အမှန်တကယ်ပင် ပြောင်းလဲမှုများ ရှိခဲ့ပေသည်။ မကြာခဏ ကိုးကားကြသည့် ဥပမာများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်း နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်းပင် ဖြစ်သည်။ သို့သော် အခြားအရေးကြီးသည့် နေရာများတွင်မူ ပြုပြင်ပြောင်းလဲရေးလုပ်သူများ အနေဖြင့် ဂရုတစိုက် ကြီးကြပ်လုပ်ဆောင်မှုများ သိပ်မရှိပါ။ အထူးသဖြင့် ကျောက်စိမ်းကဏ္ဍတွင် ဖြစ်သည်။

ဤအစီရင်ခံစာအတွက် စူးစမ်းလေ့လာမှုများ တစ်နှစ်ကျော်ခန့် ပြုလုပ်ပြီးနောက် ကမ္ဘာပေါ်တွင် အဖိုးအတန်ဆုံး ကျောက်မျက်ရတနာများတွင် ပါဝင်သော ကျောက်စိမ်း အရောင်းအဝယ်ပြုလုပ်မှု အတွက် ဒေါ်လာသန်း ထောင်ပေါင်းများစွာကို ယင်းစစ်တပ်အသိုင်းအဝိုင်းများ၊ အမေရိကန်နိုင်ငံမှ ပိတ်ဆို့ထားသော မူးယစ်ရာဇာများ နှင့် ယခင်အတိတ်တုန်းက လုပ်ပိုင်ခွင့်ပေးခဲ့သည်ဟု အစိုးရမှဆိုနေသော ခရိုနီကုမ္ပဏီများက မည်သို့ တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်းကို ဤအစီရင်ခံစာတွင် ပထမဆုံးအကြိမ်အဖြစ် ဖော်ပြထားသည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် အခြားနာမည်ဆိုးဖြင့် ကျော်ကြားသော ပုဂ္ဂိုလ်များ၏ မိသားစုဝင်များ ပိုင်ဆိုင်သော ကုမ္ပဏီ များသည် နိုင်ငံ၏ အဖိုးအတန်ဆုံး သဘာဝအရင်းအမြစ်များနှင့် ကမ္ဘာပေါ်တွင် အကောင်းဆုံး အရည်အသွေးဖြင့် အတောက်ပဆုံး ဆွဲမက်ဖွယ်ရာ ကျောက်မျက်ရတနာကို စိတ်ကြိုက်ရွေးယူ၍ ၎င်းတို့အတွက် အမြတ်ထုတ်နေကြသည်။ ထို့အပြင် ဖားကန့် ကျောက်စိမ်းတွင်းများရှိရာ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများ သို့မဟုတ် တစ်နိုင်ငံလုံးအတို င်းအတာဖြင့်ဆိုရလျှင် မြန်မာပြည်သူပြည်သားများအတွက်ကိုမူ အလွန်နည်းသည့် အကျိုးအမြတ်ကိုသာ ဖြစ်ပေါ် စေသည်။

အပြည့်အစုံရယူရန်

ကချင်ပြည်နယ် သဘာဝသယံဇာတအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒဆွေးနွေးချက်စာတမ်း
အပြည့်အစုံရယူရန်

Download English Version

ဧရာဝတီမြစ်ကို ပိတ်ဆို့ရေကာတာ တည်ဆောင်ခြင်း
မြန်မာနိုင်ငံ၏ အချက်အချာဒေသများကို ဖြတ်သန်းစီးဆင်းနေသော အာရှတိုက်၏ အဓိကမြစ်ကြီးတစ်သွယ်ဖြစ်သည့် ဧရာဝတီမြစ်ကို ဆည်ဖို့ကြတော့မည်။ မြန်မာနိုင်ငံ၏အစိုးရသည် ဧရာဝတီမြစ်ကိုပိတ်ကာ 152 မီတာအမြင့်ရှိသော ဧရာမဆည်ကြီးတစ်ခုကိုတည်ဆောက်ပြီး လျှပ်စစ်ဓါတ်အားကို တရုတ်ပြည်သို့ ပိုလွှတ်ရောင်းချရန် တရုတ်ကုမ္ပဏီများအား ရင်နှီးမြှုပ်နှံခွင့်ပြုခဲ့သည်။

အပြည့်အစုံရယူရန်

Download English Version

Download Chinese Version

စံပြမဖြစ်သည့်စံပြစခန်းများ
အပြည့်အစုံရယူရန်

Download English Version

ဖွံဖြိုးတိုးတက်ရေးမှ ကြုံတွေ့ရသော သင်ခန်းစာများ
မြန်မာအစိုးရသည် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရာ၌ ပထမအဆင့်အပစ်အခတ် ရပ်စဲရရန် ကမ်းလှမ်းခြင်း၊ ထို့နောက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ခြင်းနှင့် နောက်ဆုံးတွင် အမျိုးသား နိုင်ငံရေး သဘောတူညီချက်များ ပြုလုပ်ရန် “ဖွံ့ဖြိုးတိုးတက်ရေး” အတွက်ဟူ၍ ကတိပေးခြင်းကို ၄င်း၏ အဓိကသော့ချက် အသုံးအနှုန်းအနေနှင့် အသုံးပြုလျက် ရှိသည်။

ယင်းဖြစ်စဉ်သည် ကချင်ပြည်နယ်၌ အလွန်ဆိုးရွားသော ပဋိပ္ခ အကျိုးဆက်များ မဖြစ်ပေါ်မီ အချိန်ကတည်းက ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဒီအစီရင်ခံစာက ၇နှစ်အကြာ သုတေသနမှတ်တမ်းနှင့် ဖော်ထုတ်မှုကို အကျဉ်းချုပ်ဖော်ပြထားသည်။ ကချင် “ဖွံ့ဖြိုးတိုးတက်ရေး” မှကြုံတွေ့ရသော အဖြစ်အပျက်သင်ခန်း စာများကို အခြားသော တိုင်းရင်သားအဖွဲ့များ ကြိုးပမ်းနေသော ငြိမ်ချမ်းရေးလမ်းစဉ် တွင်သတိပြုမိစေရန်နှင့် အထောက်အကူပြုရန် ဖော်ပြထားခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် ပထမဉီးစွာ နိုင်ငံရေးဖြေရှင်းမှု မလုပ်ပဲနဲ့တော့ ဘယ်လိုမှ တရားမျှတမှု နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှု ရှိလာနိုင်မှာ မဟုတ်ဘူ။

အပြည့်အစုံရယူရန်

Download English Version

ဧရာဝတီမြစ်ဆုံ ဆည်စီမံကိန်းဆိုင်ရာ နောက်ဆုံးရအချက်အလက်များ
ဧရာဝတီမြစ်ဆုံဆည်ဆောက်လုပ်ရေးကို ဆိုင်းငံ့မည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့တွင် ဦးသိန်းစိန်မှ ပြောကြားခဲ့သော်လည်း ဆည်စီမံကိန်းကို အမှန်တကယ် ဆိုင်းငံ့သည့် အရိပ်အယောင်မျှပင် မတွေ့ရသောကြောင့် စီမံကိန်းအနီးတဝိုက် နေထိုင်သော ကျေးရွာသူ ရွာသားများမှာ မသေချာ မရေရာမှုများ၊ ကြောက်ရွံ့မှုများ နှင့် နေထိုင်နေကြရသည်။ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG) သည် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ၂၀ဝ၅ ခုနှစ်မှစ၍ စောင့်ကြည့် လေ့လာခဲ့ပြီး ဆိုင်းငံ့ကြောင်း ပြောကြားချက် မတိုင်ခင်အခြေအနေနှင့် ဆိုင်းငံ့ကြောင်း သတင်း ထွက်ရှိပြီးနောက် အခြေအနေများနှင့်ပတ်သက်၍ သုတေသနပြုထားသည့် အချက် များအပေါ် အခြေခံထားသော ဤနောက်ဆုံးရ အနှစ်ချုပ် သတင်းအချက်အလက် များကိုလည်း ထုတ်ပြန်သည်။

အပြည့်အစုံရယူရန်

Download English Version

ရေဖုံးလွှမ်းမှုကို ခုခံတွန်းလှန်ခြင်း
ကချင်ပြည်နယ်သူ ပြည်နယ်သားများ၏ ကွန်ယက်တခုဖြစ်သော မိမိတို့ ကချင်လူမှုဖွံ့òဖိးရေး ကွန်ယက်အဖွဲ့ (Kachin Development Network Group) အနေဖြင့် တရုတ်အစိုးရပိုင် တရုတ်စွမ်းအင်ရင်းနှီြးုမပ်နှံမှုနှင့် မြန်မာစစ်အစိုးရ ပူးပေါင်း၍ ဧရာဝတီမြစ်ပေါ်နှင့် မြစ်လက်တက်ကြီး နှစ်ခုတွင် ရေကာတာ (၇) ခု တည်ဆောက်မည့် စီမံကိန်းကို စဉ်ဆက် မပြတ်စောင့်ကြည့် နေခဲ့ရာ၊ ၂၀ဝ၇

ခုနှစ်တွင် Damming the Irrawaddy အစီရင်ခံစာကို ထုတ်ဝေခဲ့သည်။ ထိုအစီရင်ခံစာတွင် ၄င်းရေကာတာများ ဆောက်လုပ်မည့် ဒေသအတွင်း ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို စစ်တမ်းကောက်ယူချက်များနှင့် ရေကာတာ ဆောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအား ဆန်းစစ် လေ့လာမှုများကို ဖော်ပြခဲ့သည်။

အပြည့်အစုံရယူရန်

Download English Version

Download Chinese Version