ဖားကန့် ကျောက်စိမ်းမြေမှာ ကုမ္ပဏီတွေ တူးယူပိုင်ခွင့်နဲ့ဆိုင်တဲ့ ဥပဒေမူကြမ်းကို မကြာခင်မှာ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ကော်မီတီဝင် NLD အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်မြင့်က ပြောပါတယ်။ အခု အဆိုပြုထားတဲ့ ဥပဒေမူကြမ်းဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု သက်စေရေးအပြင် ဖားကန့်မြေမှာ ရှိနေတဲ့ ရေမဆေးကျောက် ကောက်သူတွေရဲ့ ပြဿနာကိုပါ ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ် ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က အပိုင်း (၂) အဖြစ်နဲ့ တင်ဆက်ပေးထားပါတယ်။