နောက်ခံသမိုင်းကြောင်း

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည်။ နိုင်ငံ၏ အလယ်ပိုင်းကို ဖြတ်သန်းလျှက် စီးဆင်းနေသော ဤမြစ်ကို ပြည်သူသန်းပေါင်းများစွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အမှီပြုလျက်ရှိသည်။ စစ်အစိုးရသည် ဒေသခံ ပြည်သူများနှင့် ညှိနှိုင်းခြင်းမရှိပဲ ဧရာဝတီမြစ်နှင့် ကချင်ပြည်နယ်ရှိ ၄င်း၏မြစ်လက်တက်ပေါ်တွင် ကြီးမားသော ဆည် ၇ ခုတည်ဆောက်ရန် တရုတ်ကုမ္ပဏီများကို ခွင့်ပြုလျှက်ရှိသည်။ ထိုဆည် ၇ ခုမှ လျှပ်စစ် ဓာတ်အား ၁၇၁၆၀ မီဂ္ဂါဝပ်ကို ထုတ်လုပ်ရရှိမည်ဖြစ်ပြီး ဤပမာဏသည် တနိုင်ငံလုံးအတွက် သုံးစွဲနေသော စွမ်းအင်ပမာဏထက် ၅ ဆကျော်ရှိသည်။

၁၅၂ ပေအမြင့်ရှိ ဧရာဝတီမြစ်ဆုံဆည် (၆၀၀ မီဂ္ဂါဝပ်) မှ ထုတ်လုပ်ရရှိမည့် လျှပ်စစ်ဓာတ်အားကို စွမ်းအင်ပြတ် လပ်နေသည့် မြန်မာနိုင်ငံအတွက် အသုံးမပြုပဲ တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချရန် ရည်ရွယ်ထားသည်။ ရောင်းချမှုမှ ဒေါ်လာသန်းပေါင်းများစွာကို တိုင်းပြည်ဘဏ္ဍာအဖြစ် ရရှိမည်ဖြစ်သော်လည်း မြန်မာစစ်အစိုးရသည် နိုင်ငံခြား မှရရှိသည့် ဘဏ္ဍာငွေများကို ကျန်းမာရေးနှင့် ပညာရေးအတွက် သုံးစွဲမည့်အစား ၄င်း၏ စစ်တပ်တိုးချဲ့တည်ထောင်ရေး အတွက်သာ သုံးစွဲခဲ့သည်။ ထိုကြောင့်ပင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူမှုရေးနှင့်ပတ်သက်၍ အဆိုးဝါးဆုံး အခြေအနေရှိသည့် နိုင်ငံဖြစ်ခဲ့သည်။

ဧရာဝတီမြစ်ဆုံဆည်သည် ဧရာဝတီမြစ်၏ အဓိကကျသည့်နေရာဖြစ်သော ကချင်ပြည်နယ် မြစ်အောက်ပိုင်းဒေသ ၃ မိုင်အကွာရှိ ကျော်ကြားထင်ရှားလှသော မေခ၊ မလိခမြစ်ဆုံပေါ်တွင် တည်ရှိသည်။ မြစ်ဆုံဒေသသည် မြန်မာနိုင်ငံရှိ နိုင်ငံ သူ၊ နိုင်ငံသားအားလုံးအတွက် အဖိုးမဖြတ်နိုင်သော အထိမ်းအမှတ်တခုဖြစ်ပြီး အထူးသဖြင့် ကချင်လူမျိုးများ၏ တန်ဖိုး အကြီးမားဆုံး ယဉ်ကျေးမှု အမွေအနှစ်တခုဖြစ်သည်။

ဆည်များမှာ လက်နက်ကိုင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာစစ်တပ်ကြား တင်းမာမှုများ ပိုမိုဖြစ်ပွားရာ ပဋိပက္ခနယ်မြေအတွင်းတွင် တည်ရှိကြသည်။ မတ်လ ၂၀၁၁ ခုနှစ်တွင် KIO မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးအကဲ သို့ သတိပေးစာရေးသားပေးပို့ခဲ့ပြီး ထိုစာထဲတွင် အကယ်၍ မြန်မာစစ်အစိုးရစစ်တပ်များ KIO ထိန်းချုပ်ဒေသသို့ ၀င်လာ မှုကြောင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့လျှင် ဆည်ဆောက်လုပ်ရေး၏ လုံခြုံရေးကို တာဝန်ယူနိုင်မည်မဟုတ်ကြောင်း သတိပေးခဲ့ သည်။

ပါဝင်သည့် ကုမ္ပဏီများ

တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအတွက် စီမံချက် မန်နေဂျာအဖြစ် လုပ်ဆောင်နေချိန်တွင် အခြား ကုမ္ပဏီအများအပြားမှာလည်း မဂ္ဂါဝပ် ၃,၆၀၀ ထုတ်ပေးနိုင်မည့် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး၊ ငွေရေးကြေးရေး သုံးစွဲရေးနှင့် ပြင်ဆင်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြပါသည်။ မူးယစ်ရာဇာ လော်စစ်ဟန် ဦးဆောင်နေ သည့် အေရှားဝေါလ်ကုမ္ပဏီက ဤစီမံချက် ဖြစ်မြောက်ရေးအတွက် အဓိက တိုက်တွန်းစည်းရုံးခဲ့သူ ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ
  • အေရှားဝေါလ် ကုမ္ပဏီ
  • အစိုးရပိုင် မြန်မာလျှပ်စစ်ဓါတ်အား လုပ်ငန်း
  • စန်းတက် နည်းပညာကုမ္ပဏီလီမိတက် (Suntac Technologies)
တရုတ်နိုင်ငံမှ
  • တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)
  • တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ လီမိတက် China Southern Power Grid Co., Ltd. (CSG)
  • ဆိုက်နိုဟိုင်ဒရို (Sinohydro)
  • တိုင်းတာရေး၊ စီမံကိန်းရေးဆွဲရေး၊ ဒီဇိုင်းရေးဆွဲရေးနှင့် သုတေသနပြုရေးဆိုင်ရာ ချန်ဂျင်းဌာန (CISPDR)
  • ယူနန် စက်ပစ္စည်းကရိယာတင်သွင်းရေးနှင့် တင်ပို့ရေးကုမ္ပဏီလီမိတက် (YMEC) (ယခု UREC)
ဂျပန်နိုင်ငံမှ
  • ကန်ဆိုင်း လျှပ်စစ်ဓါတ်အား ကုမ္ပဏီစု [Kansai Electric Power Co. (KEPCO)]

စိုးရိမ်ချက်များ

လူမှုရေးဆိုင်ရာစိုးရိမ်ချက်များ

ရွာပေါင်း ၆၀ ကျော်၊ လူပေါင်း ခန့်မှန်းခြေ ၁၅၀၀၀ ခန့်သည် မြစ်ဆုံဆည်တည်ဆောက်ရေးအတွက် အသိပေး ခွင့်တောင်းမှုမရှိပဲ အတင်းအဓမ္မ နေရာပြောင်းရွှေ့ခံရနိုင်ဖွယ်ရှိသည်။ ရွာ ၆ ရွာမှ မိသားစုများမှာ မတရား ပြောင်းရွှေ့ခံရ ပြီးဖြစ်ပြီး လက်ရှိ၌ ပြန်လည်နေရာချထားရေးစခန်းတွင် ဒုက္ခများ ကြုံတွေ့ခံစားနေကြရသည်။ ဤကဲ့သို့ နေရာပြောင်းရွှေ့ ခြင်းသည် အလုပ်အကိုင် ပဋိပက္ခများ၊ မြေယာပြဿနာများအပါအ၀င် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်း၊ လူကုန်ကူးခံရခြင်း စသည် လူမှုရေးဆိုင်ရာ ပြဿနာများကို ပိုမိုဖြစ်ပေါ်ကြီးထွားစေမည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးများအပေါ် ပိုမိုဆိုးကျိုးသက်ရောက်မည်ဖြစ်သည်။

ပဋိပက္ခနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်မားလာခြင်း

  • ဆည်များသည် နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားနေသော ပဋိပက္ခဖြစ်ပွားရာ ဒေသတွင် တည်ရှိပြီး ထိုဒေသများမှာ ယခု ချိန်ထိ တည်ငြိမ်မှု မရှိသေးပေ။ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ၊ စီမံကိန်းအပါအ၀င် တရုတ်လူမျိုး အလုပ် သမားအမှုထမ်းများအတွက်ပါ အန္တရာယ်ကျရောက်စေမည်ဖြစ်သည်။ ၂၀၁၀ ခုနှစ် ဧပြီလအတွင်းတွင် မြစ်ဆုံဆည်အနီး တ၀ိုက်တွင် အနည်းဆုံး ဗုံး ၁၀ ကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တရုတ်အလုပ်သမားများကို ထိခိုက်အနာတရဖြစ်စေသည့်အ ပြင် ယာယီအဆောက်အဦးများနှင့် ယာဉ်များကို ပျက်စီးစေခဲ့သည်။

  • စီမံကိန်းနေရာတ၀ိုက်တွင် စစ်တပ်တိုးချဲ့ချထားခြင်းဖြင့် ဒေသခံပြည်သူများအတွက် လှုပ်ရှားသွားလာမှုနှင့် အသက်မွေးဝမ်းကျောင်းအလုပ်များကို ကန့်သတ်လိုက်ပြီး ထိုကဲ့သို့ လုပ်ဆောင်မှုကြောင့် လူသားများ၏ လုံခြုံမှု ကို ခြိမ်းခြောက်စေသည်။ ဖွံ့ဖြိုးရေးစီမံကိန်းများဝင်လာတိုင်း စစ်တပ်အင်အား တိုးချဲ့ချထားမှုရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် မုဒိမ်းမှုများ၊ အတင်းအဓမ္မ ခိုင်းစေမှုများပါ ဒွန်တွဲပါလာကြောင်းကိုလည်း သေချာစွာ မှတ်တမ်းပြုစုထားပြီဖြစ်သည်။

  • ဒေသခံများ၏ အကျိုးအမြတ်များ လုံးဝ မရှိခြင်းနှင့် ဒေသခံ ပြည်သူများ၏ စိုးရိမ်ချက်များအပေါ် ဂရုမပြုခြင်းသည် ဆန့်ကျင်ကွန့်ကွက်မှုများနှင့် တိုင်းရင်းသားပြဿနာ တင်းမာမှုများကို ဖြစ်ပေါ်စေပြီး နောက်ထပ် တရုတ်အမှုထမ်း များနှင့် ကုမ္ပဏီပစ္စည်းများကို ထိခိုက်စေမည့် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားစေမည့် အလားအလာကိုလည်း ဖြစ်စေသည်။

စီးပွားရေးဆိုင်ရာ စိုးရိမ်ချက်
  • ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဆန်စပါးအထွက်နှုန်း ၆၀ ရာခိုင်နှုန်းနီးပါး ထွက်ရှိသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အပါအ၀င် မြစ်အောက်ပိုင်းဒေသ ရွှံ့မြေနှင့် ရေလွှမ်းမိုးရာ မြစ်ကြောင်းအနီးရှိ မြေနိမ့်ပိုင်းဒေသအတွက် အရေးကြီးသည့် မြေသြဇာကို ထုတ်လုပ်ပေးသည်။ မြစ်ရေစီးဆင်းမှုလမ်းကြောင်း ပြောင်းလဲမှုများနှင့် အရေးပါသည့် အနည်များကို ပိတ်ဆို့ ခြင်းသည် မြန်မာနိုင်ငံတ၀ှမ်းရှိ သန်းနှင့်ချီသော လယ်သမားများကို ထိခိုက်စေပြီး ဆန်စပါးထုတ်လုပ်မှုနှုန်းကိုလည်း လျော့နည်းစေသည်။

  • မြစ်ကြောင်း၏ သဘာဝအတိုင်း လည်ပတ်စီးဆင်းမှုပုံစံ ပြောင်းလဲခြင်း၊ အနည်စီးဆင်းမှုနှင့် ငါးများ ရွှေ့ပြောင်းသွား လာမှုလမ်းကြောင်းကို ပိတ်ဆို့ခြင်းတို့ကြောင့် မြစ်အောက်ပိုင်းဒေသ ငါးဖမ်းလုပ်ငန်းများကို ထိခိုက်လျော့နည်းစေ သည်။

  • ဆည်များကြောင့် ကြိုတင်ခန့်မှန်း၍မရသည့် ရေအတက်အကျနှင့် ရေရှားပါးပြတ်လပ်မှုကို ဖြစ်ပေါ်စေပြီး မြစ် အောက်ပိုင်းဒေသ သယ်ယူပို့ဆောင်ရေးနှင့် ငါးဖမ်းလုပ်ငန်းများကိုလည်း အနှောက်အယှက်ဖြစ်စေသည်။

  • လျှပ်စစ်ထုတ်လုပ်မှုလိုအပ်ချက်၊ ရေလှောင်တမံတွင်း ရေဖြည့်သည့်အချိန်အတွင်း သန့်ရှင်းသော ရေစီးဆင်းမှုကို ကန့်သတ်ခြင်းနှင့် ရေစီးဆင်းမှုနှုန်းကို လျော့နည်းစေခြင်းတို့ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ လယ် ယာမြေများအတွင်းသို့ ပင်လယ်ရေငံစီးဝင်မှုနှုန်းကို မြင့်တက်စေသည်။

  • ရေလှောင်တမံကြောင့် နယူးယောက်ခ်မြို့နီးပါးရှိသော မြစ်အထက်ပိုင်းဒေသ လယ်ယာမြေများနှင့် သစ်တော များကို ရေဖုံးလွှမ်းသွားမည်ဖြစ်သည်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်
  • ဆည်မှ ရေလွှတ်ထုတ်သည့်အခါ ဆည်တည်ဆောက်သူများသည် တရုတ်နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်ထက်ပို၍ ဒေသခံပြည်သူများ၏ လုံခြုံရေးကို အဓိက ဦးစားစဉ်းစားပေးရန် မည်သည့်ကာကွယ်ပေးမှုမှ မရှိပေ။ ရုတ်တရက် ရေတက်လာမှုကြောင့် လှေများ မတော်တဆ တိမ်းမှောက်ခြင်း၊ နစ်မြှုပ်ခြင်းတို့ကို ဖြစ်စေသည်။

  • ဆည်သည် အဓိက ငလျင်ကြောနှင့် ၁၀၀ ကီလိုမီတာအဝေးတွင် တည်ရှိသည်။ အကယ်၍ ဆည်တာတမံကျိုးပါ က ဆည်နှင့် ၄၀ ကီလိုမီတာအဝေးတွင်သာရှိသော လူပေါင်း တသိန်းခွဲ (150,000) နေထိုင်သည့် ကချင်ပြည်နယ် ၏ မြို့တော်ကို ရေလွှမ်းမိုးသွားမည်ဖြစ်သည်။

  • မြစ်ထဲနှင့် မြစ်ကြောင်းတလျှောက်ရှိ သတ္တုတူးဖော်ရေးလုပ်ရာမှ ထွက်ရှိလာသည့် ပြဒါးဓာတ်သည် ဆည်များ နောက်တွင် စုပြုံလာမည်ဖြစ်ပြီး ပို၍ အဆိပ်ပျင်းသော မီသိန်းပြဒါးဓာတ်အသွင်သို့ ပြောင်းလဲကာ မြစ်အောက်ပိုင်း ဒေသသို့ ပျံ့နှံ့ရောပါသွားမည်ဖြစ်သည်။ ထိုမီသီးပြဒါးဓာတ်ကြောင့် ရောဂါများဖြစ်ပွားစေပြီး မွေးရာပါ ကိုယ်လက် အင်္ဂါချို့တဲ့မှုများ ဖြစ်စေသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ချက်များ:
  • ဆည်များကြောင့် ကမ္ဘာ့ ဇီဝသတ္တုမျိုးကွဲစုံလင်သည့် နေရာတခုဖြစ်သည့် မြစ်အထက်ပိုင်း သစ်တောများကို ရေလွှမ်းမိုး မည်ဖြစ်ပြီး ရာနှင့်ချီသော တိရိစ္ဆာန်များနှင့် အပင်မျိုးစိတ်များကို ခြိမ်းခြောက်နေသည်။ ထိုနေရာရှိ တိရိစ္ဆာန်များနှင့် အပင် မျိုးစိတ်အများစုမှာ ရှားပါးမျိုးစိတ်များဖြစ်ကြသည်။

  • ဆည်များကြောင့် ရှားပါးသည့် ဧရာဝတီလင်းပိုင်များနေထိုင်အသက်ရှင်ရာ မြစ်အောက်ပိုင်း မြစ်ကြောင်းဂေဟစ နစ်ကို ဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည်။

  • ဆည်များကြောင့် မြန်မာနိုင်ငံ၏ အဓိက မြစ်ကြောင်းဂေဟစနစ်နှင့် အာရှ၏ အရေးအပါဆုံး မြစ်ကြောင်းကို ထာဝ ရ ပြောင်းလဲသွားစေမည်ဖြစ်သည်။ ဧရာဝတီမြစ်၏ ၈၄ ရာခိုင်နှုန်းသော ရေမှာ ဆည်တည်ဆောက်ရာနေရာ၏ အထက်ပိုင်းတွင် အဓိက မြစ်ဖျားခံပြီး ထိုဆည်များကြောင့် ဆိုးကျိုးထိခိုက်တော့မည်ဖြစ်သည်။

  • သစ်တောပြုန်းတီးမှုအပါအ၀င် ကြီးမားကျယ်ပြန့်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုဖြစ်စေသော ရွှေတူးဖော်ရေးလုပ်ငန်းများကို မေခ၊ မလိခမြစ်ကမ်းပါးတလျှောက်နှင့် ဆည်တည်ဆောက်ရေးလုပ်ငန်းခွင်၏ မြစ် အထက်ပိုင်းဒေသတလျှောက် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

လုပ်ငန်းစဉ်ဆိုင်ရာ စိုးရိမ်ချက်များ
  • အစိုးရပိုင် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်နှင့် နိုင်ငံတကာ ဆည်ဆောက်လုပ်ရေးစံနှုန်းများ သို့မဟုတ် ၄င်းတို့၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအ အပေါ် လေ့လာချက် (EIA) တွင် ပါရှိသည့် အကြံပြုချက်များကို လိုက်နာခြင်း မရှိပေ။ (Link to EIA)

  • ဆည်တာတမံများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ (သို့မဟုတ်) ကျန်းမာရေးဆိုင်ရာ အကျိုး သက်ရောက်မှုများအပေါ် လေ့လာချက်များကို ယခုချိန်ထိ အများသိအောင် ထုတ်ဖော်ခြင်းမရှိသေးပေ။

  • စီမံကိန်းများနှင့်ပတ်သက်၍ ဆိုးကျိုးထိခိုက်ခံစားရသည့် ဒေသခံ ပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးခြင်း မရှိပေ။ ဒေသခံ ပြည်သူများ၏ စိုးရိမ်ချက်များကို ထုတ်ဖော်ပြောဆိုရန် ကြိုးပမ်းချက်များမှာလည်း လျစ်လျူရှုခြင်း ခံကြရ သည်။

  • တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ယန္တရားများ မရှိသည့် အပြစ်အနာအဆာများဖြင့် ပြည့်နှက်နေသော ပြန်လည် နေရာချထားရေးနှင့် လျော်ကြေးပေးရေး အစီအစဉ်များကို စစ်တပ်အာဏာပိုင်းများမှ ခြိမ်းခြောက်မှုများ အသုံးပြု ၍ လုပ်ဆောင်နေကြသည်။

  • ဆည်များမှ ထုတ်လုပ်ရရှိမည့် လျှပ်စစ်ဓာတ်အားအများစုကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည်ဖြစ်သည်။ မြန်မာ နိုင်ငံတွင်းရှိ အခြားရေအားလျှပ်စစ်စီမံကိန်းများ၏ အတွေ့အကြုံများကို ကြည့်ခြင်းအားဖြင့် ကျန်ရစ်မည့် လျှပ်စစ်ဓာတ်အားကို မြန်မာစစ်တပ်နှင့် စစ်တပ်စီးပွားရေးလုပ်ငန်းများအတွက်သာ အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် ဒေသခံ ပြည်သူများ ၀ယ်ယူသုံးစွဲနိုင်ချေမရှိခြင်း (သို့မဟုတ်) ၀ယ်ယူသုံးစွဲခွင့်ပင် ရှိမည်မဟုတ်ပေ။

  • မြစ်ဆုံဆည်တခုတည်းမှ ရရှိမည့် လျှပ်စစ်ဓာတ်အားရောင်းချခြင်းမှ စစ်အစိုးရသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ ၀င်ငွေ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ 3.6 ဘီလီယျံကို ရရှိမည်ဖြစ်သည်။ ထိုဘဏ္ဍာငွေများ သုံးစွဲမှုနှင့်ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှုမရှိပေ။

လူမှုအသိုင်းအ၀ိုင်း၏ လှုပ်ရှားမှုများ

စစ်တပ်အုပ်စိုးသည့် မြန်မာနိုင်ငံတွင် ကန့်ကွက်ဆန့်ကျင်ရန်အတွက် ဖမ်းဆီးခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အသတ်ခံ ရခြင်း စသည့် အန္တရာယ်များကြားမှ သတ္တိပြောင်မြောက်လှသော ပြည်သူများသည် ၄င်တို့၏ စိုးရိမ်ချက်များကို ထုတ်ဖော် ပြောဆိုကြပြီး ဆည်များ ရပ်တန့်ရန်အတွက် တောင်းဆိုမှုများ ပြုလုပ်ကြသည်။ ဒေသခေါင်းဆောင်များနှင့် ကျေးရွာသူ ရွာ သားများသည် တရုတ်အစိုးရနှင့် မြန်မာစစ်အစိုးရဆီသို့ ပန်ကြားစာ အများအပြား ပေးပို့ခဲ့သည်။

မြစ်ကြောင်းများ ကာကွယ်ထိန်းသိမ်းရေးအတွက် ဆုတောင်းပွဲများကို မြစ်ကမ်းများတလျှောက်နှင့် မြစ်အထက်ပိုင်း၊ မြစ်အောက်ပိုင်းဒေသရှိ ဘုရားကျောင်းများတွင် ပြုလုပ်ကျင်းပခဲ့ကြသည်။

မြန်မာစစ်တပ်၏ မြောက်ပိုင်းတိုင်းမှူးနှင့် တွေ့ဆုံသည့်အစည်းအဝေးတွင် ဒေသခံ အမျိုးသမီးများမှ ဆည်တည်ဆောက် ခြင်းကြောင့် ၄င်းတို့၏ လူမှုပတ်ဝန်းကျင်နှင့် နောက်မျိုးဆက်သစ်များ ကြုံတွေ့ခံစားရမည့် ဆုံးရှုံးမှုကို မည်သည့်လျော် ကြေးငွေနှင့်မျှ ပြန်လည်ကုစား၍မရနိုင်ကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။ (video box of link here) ဆည် ဆောက်လုပ်ရေးကို ဆန့်ကျင်ကန့်ကွက်သည့် ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ သရော်စာများ/ပုံများ ကိုလည်း ကချင် ပြည်နယ်ရှိ မြို့များတွင် ဖြန့်ဝေခြင်းများ၊ ကပ်ထားခြင်းများလည်း ရှိခဲ့သည်။

မြစ်အောက်ပိုင်းဒေသ၊ နိုင်ငံတ၀ှမ်းရှိ အနုပညာရှင်များ၊ စာရေးဆရာ၊ ဆရာမများမှ မြန်မာတနိုင်ငံလုံးအတွက် ဧရာဝတီ ၏ အရေးကြီးပုံကို မီးမောင်းထိုးပြရန်အတွက် ပြပွဲများ၊ လှည့်လည်သွားမှုများကို စည်းရုံးလုပ်ဆောင်ခဲ့ကြသည်။ ပြည်ပရှိ ကချင်ပြည်သူများမှလည်း နိုင်ငံ ၇ နိုင်ငံရှိ တရုတ်သံရုံးများဆီသို့ အိတ်ဖွင့်စာများ ပေးပို့ခဲ့ပြီး လန်ဒန်နှင့် နယူးဒေလီတွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။

အဖြေရှာခြင်း

မြန်မာနိုင်ငံ၏ သန်းပေါင်းများစွာသော ပြည်သူများ အမှီပြုနေသည့် ဧရာဝတီမြစ်ကို ကာကွယ်ရန်အတွက် ကချင်ပြည် နယ်ရှိ ဆည်များကို ရပ်တန့်ရမည်။ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) အနေဖြင့် ကချင် ပြည်နယ်ရှိ မြစ်ဆုံဆည်နှင့် အခြားဆည်များ ဆောက်လုပ်ရေးကို ချက်ချင်းရပ်တန့်ပြီး ၄င်းတို့ကုမ္ပဏီ၏ နာမည်ကောင်းကို ထိန်းသိမ်းရန်နှင့် စီမံကိန်းနှင့်ပတ်သက်၍ ဆိုးဝါးသည့် အခွင့်အရေးချိုးဖောက်မှုများတွင် ကြံရာပါမဖြစ်ရန်အတွက် မြန်မာ စစ်တပ်နှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းမှ ပြန်လည်ရုပ်သိမ်းရန် မိမိတို့ KDNG မှ တိုက်တွန်းတောင်းဆိုပါသည်။

ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများသည် ၄င်းတို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် သင့်လျော်သည့် အသေးစား ရေအားလျှပ်စစ်ဓာတ်အားကို အသုံးပြုကြသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သည် ရှိရင်းစွဲ အသေးစား ရေအားလျှပ်စစ်စီမံကိန်းကြောင်း ၂၄ နာရီ မီးရရှိသော မြန်မာနိုင်ငံ မြို့များထဲမှ တမြို့အပါအ၀င် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗဟိုအစိုးရ၏ စီမံအုပ်ချုပ်မှုများကို ဒေသအစိုးရသို့ လွှဲပြောင်းပေးရန်နှင့် ဒေသခံပြည်သူ များမှ အသေးစား ရေအားလျှပ်စစ်မှ ထုတ်ယူရရှိသည့် လျှပ်စစ်ဓာတ်အား စီမံသုံးစွဲခွင့်များကို မြှင့်တင်ပေးရန် လိုအပသည်။

“အသေးစား ရေအားလျှပ်စစ်” ဆိုသည့် ဝေါဟာရ ရှင်းလင်းချက်

အသေးစားရေအားလျှပ်စစ် (SHP) ကို သေးငယ်သော မြစ်ချောင်းများ၊ အလယ်အလတ်နှင့် အကြီးစား မြစ်များမှ ထုတ် ယူရရှိနိုင်သည်။ ၄င်းသည် စွမ်းအင်ထုတ်လုပ်ရရှိရန် သဘာဝပတ်ဝန်းကျင်အရ မထိခိုက်သော လုပ်ဆောင်မှုတ ရပ်ဖြစ်သည်။ စွမ်းအား ၁၀ မီဂ္ဂ၀ပ်အောက် နည်းသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအဖြစ် သတ်မှတ်ထားသော အသေး စားရေးအားလျှပ်စစ်စီမံကိန်း (SHP) သည် ဝေးလံသည့် အရပ်ဒေသများတွင် လိုအပ်သည့် စွမ်းအင်များကို ပေးနိုင်ပြီး အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှု အနိမ့်ဆုံးဖြစ်သ်ည။

အသေးစား ရေအားလျှပ်စစ်စနစ်တွင် ရေသည် ရေလမ်းကြောင်းမှတဆင့် ရေတွန်းအားဖြင့် လည်ပတ်သော စက်ဆီသို့ လမ်းကြောင်းလွှဲပြီး ထိုကဲ့သို့ ၀င်လာသော ရေတွန်းအားဖြင့် (ရေဒလက်) စက်ကို မောင်းနှင်လည်ပတ်စေသည်။ လည်ပတ်နေသော မောင်းတံသည် လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲထုတ်လုပ်သော စက်နှင့် ဆက်သွယ်ထားသည်။ ထိုလျှပ်စစ်ဓာတ်အားထုတ်သည့် စက်သည် ကြီးမားသော ဆည်များ၊ ရေလှောင်တမံများ တည်ဆောက်ရန် မလိုအပ် သောကြောင့် သစ် တောများ၊ လယ်ယာမြေများ ရေလွှမ်းမိုးမှုနှင့် ဒေသခံများ ရွှေ့ပြောင်းခံရမှုများ ရှိတော့မည်မဟုတ်ချေ။