ဧရာဝတီမြစ်ဆုံ ဆည်စီမံကိန်းဆိုင်ရာ နောက်ဆုံးရအချက်အလက်များ

ဧရာဝတီမြစ်ဆုံဆည်ဆောက်လုပ်ရေးကို ဆိုင်းငံ့မည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့တွင် ဦးသိန်းစိန်မှ ပြောကြားခဲ့သော်လည်း ဆည်စီမံကိန်းကို အမှန်တကယ် ဆိုင်းငံ့သည့် အရိပ်အယောင်မျှပင် မတွေ့ရသောကြောင့် စီမံကိန်းအနီးတဝိုက် နေထိုင်သော ကျေးရွာသူ ရွာသားများမှာ မသေချာ မရေရာမှုများ၊ ကြောက်ရွံ့မှုများ နှင့် နေထိုင်နေကြရသည်။ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG) သည် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ၂၀ဝ၅ ခုနှစ်မှစ၍ စောင့်ကြည့် လေ့လာခဲ့ပြီး ဆိုင်းငံ့ကြောင်း ပြောကြားချက် မတိုင်ခင်အခြေအနေနှင့် ဆိုင်းငံ့ကြောင်း သတင်း ထွက်ရှိပြီးနောက် အခြေအနေများနှင့်ပတ်သက်၍ သုတေသနပြုထားသည့် အချက် များအပေါ် အခြေခံထားသော ဤနောက်ဆုံးရ အနှစ်ချုပ် သတင်းအချက်အလက် များကိုလည်း ထုတ်ပြန်သည်။

အပြည့်အစုံရယူရန်

Download English Version