အစိုးရမှ ဧရာဝတီမြစ်ဆုံကို တရားဝင်ဖျက်ဆီးနေခြင်း မြစ်ဆုံနှင့် ဧရာဝတီမြစ်ကို ကာကွယ်လိုသော ပြည်သူလူထုများ၏ ဆန္ဒအရ သမ္မတက မြစ်ဆုံရေကာတာကို ရပ်ဆိုင်းခဲ့သည်။ ယခုတွင် အစိုးရ ကိုယ်တိုင် ဧရာဝတီမြစ်ဆုံကို ဖျက်ဆီးနေသော စီမံကိန်းများကို ခွင့်ပြုနေသည်။ ဧရာဝတီကို တိမ်ကောစေမယ့် အပြုအမူများ အားလုံးကို အတူတကွ လက်တွဲ ဆန့်ကျင်ခြင်းဖြင့် ဧရာဝတီမြစ်ကို ကာကွယ်ကြပါစို့။