ကျေးရွာသူရွာသားများမှာ စိုးရိမ်ကြောက်လန့်မှုများ၊ မသေချာမရေရာမှုများကို ယခုချိန်ထိ ကြုံတွေ့နေရဆဲ

မြစ်ဆုံဆည်ဒေသရှိ ကျေးရွာသူရွာသားများမှာ စိုးရိမ်ကြောက်လန့်မှုများ၊ မသေချာမရေရာမှုများကို ယခုချိန်ထိ ကြုံတွေ့နေရဆဲဖြစ်သည်

အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၁ ခုနှစ်။

အရေးပေါ်ထုတ်ပြန်ကြေညာချက်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ ထုတ်ပြန်ကြေညာချက်။

မြန်မာစစ်အစိုးရမှ မြစ်ဆုံဆည်ကို ဆိုင်းငံ့မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ဒေသခံ ကချင်ကျေးရွာသူ ရွာသားများမှာ စီမံကိန်းရပ်တံ့မည့် အရိပ်အယောင်လေးမျှပင် မတွေ့ရ သေးပဲ ၄င်းတို့၏ အနာဂတ်အတွက် မသေချာမရေရာမှုနှင့် စိုးရိမ်ကြောက်လန့်မှုများမှာ ယခုချိန်ထိ ရှိနေဆဲပင်ဖြစ်သည်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG) မှ ယနေ့ထုတ်ပြန်ခဲ့သည့် နောက်ဆုံး သတင်းတပုဒ် အရ စီမံကိန်းအတွက် အထောက်အပံ့များ၊ ပစ္စည်းကရိယာများမှာ ယခင် အနေအထားအတိုင်း ရှိမြဲတိုင်း ရှိနေပြီး ဒေသခံများအပေါ် လုံခြုံရေးအရ တင်းကြပ်မှုများမှာလည်း ဆက်လက်ရှိနေ ဆဲပင်ဖြစ်သည်။ ထို့ပြင် မြစ်ဆုံဆည် ဆောက်လုပ်ရေးနေရာရှိ ဆိုးဝါးလှသည့် ရွှေတူးဖော်ရေး လုပ်ငန်းကိုလည်း ဆက်လက် လုပ်ဆောင်နေဆဲပင် ဖြစ်သည်။

ဆိုင်းငံ့ကြောင်း သတင်းမထွက်ခင်ကပင် ဆည်ဆောက်လုပ်ရေးခွင်တွင် မိုးရာသီကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ ခေတ္တစဲနေခဲ့ပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သတင်းထွက်ပြီး သည့်နောက်တွင်လည်း ဆည်စီမံကိန်း၏ အခြေခံဆက်သွယ်ရေးလုပ်ငန်းများမှာ ယခင်အ တိုင်း ဆက်ရှိနေဆဲဖြစ်သည်။ အောက်တိုဘာ ၁၁ ရက်နေ့တွင်လည်း တရုတ်အလုပ်သမား များမှာ ဆည်တည်ဆောက်သည့်နေရာ တောင်ဘက်ပိုင်းရှိ မြေလေ့လာ တိုင်းထွားခြင်း လုပ်ငန်းများကို လုပ်ဆောင် လျှက်ရှိပြီး မြစ်ဆုံဆည်ဒေသမှ တရုတ် နယ်စပ်မြို့ဖြစ်သည့် Tengchong မြို့သို့ အထောက်အပံ့ သယ်ယူပို့ဆောင်ရေးလမ်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ဆောင် ခဲ့ကြသည်။

ဆိုင်းငံ့သတင်းထွက်ပေါ်နေသည့်ကြားမှပင် စီမံကိန်းကို အဓိကဦးစီးလုပ်ဆောင်နေသည့် တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ၏ ၀န်ထမ်းတဦးမှ စီမံကိန်းကို မိုးရာသီပြီးလျှင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် မည်သည့်ပစ္စည်းကိရိယာမှ မပြောင်းရွှေ့ရန် ၄င်းတို့၏ စီမံကိန်းမဟာမိတ်ဖြစ်သည့် အေးရှားဝေါလ်၏ ဒေသခံဝန်ထမ်းအား မကြာသေးမီးကပင် ပြောခဲ့သည်။

မြစ်ဆုံဆည်ဆိုင်းငံ့တာနဲ့ပတ်သက်ပြီး သမ္မတပြောခဲ့တဲ့အပေါ် ကျွန်တော်တို့ ယုံကြည်မှုမရှိ ဘူးဟု ဆည်တည်ဆောက်သည့်ဒေသမှ ရွာသားတဦးမှ ပြောခဲ့သည်။ ဆောက်လုပ်ရေး နယ်မြေမှာ အလုပ်သမားတွေ၊ ဆည်ဆောက်လုပ်မယ့် စက်ကရိယာတွေကို ကျွန်တော်တို့ အခု ထိ တွေ့နေရတုန်းပဲ

မိမိတို့ KDNG အနေဖြင့် CPI မှ တရားဝင် ရပ်တံ့ကြောင်း သတင်းထုတ်ပြန်ရန်၊ ၀န်ထမ်းများ နှင့် စက်ပစ္စည်းကရိယာများအားလုံးကို ရုပ်သိမ်းသွားရန်နှင့် နေရာပြောင်းရွှေ့ခံရသည့် ဒေသခံ ကျေးရွာသူ ရွာသားများအားလုံးကို ၄င်းတို့၏ မူလနေအိမ်များသို့ လုံခြုံစွာ ပြန်လည်နေထိုင်ခွင့် ပေးရန်အတွက် တောင်းဆိုပါသည်။

ဧရာဝတီမြစ်မြစ်ဆုံရေကာတာ စီမံကိန်း ဆည် ၇ ခုလုံးဟာ မြစ်ကြောင်းကို အမှီပြုနေထိုင်ကြတဲ့ ပြည်သူ သန်းပေါင်းများစွာကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ ဆိုင်းငံ့ရုံသာမကပဲ တရားဝင် ရပ်တံ့မှုမရှိသေးသရွေ့ ကျမတို့အနေနဲ့ ဆည်ဆောက်လုပ်ရေး စီမံကိန်းတွေကို ဆက်ပြီး ခုခံ ရင်ဆိုင်သွားမှာပဲဟု KDNG မှ အနန်မှ ပြောခဲ့သည်။

ဆက်သွယ်ရန်: အနန် (+66) 848854154

Email: kdngchn@gmail.com

မြစ်ဆုံနောက်ဆုံးရ ဓာတ်ပုံသတင်းများကို ရယူရန် www.kdng.org တွင်ရယူနိုင်ပါသည်။