အရေးပေါ် ထုတ်ပြန်ကြေညာချက်
မေလ ၁၀ ရက်၊ ၂၀၁၁ ခုနှစ်။
ဆက်သွန်ရန်- အားနန်၊ ၆၆ ၈၄ ၈၈၅ ၄၁၅၄ kdngchn@gmail.com
မြန်မာအစိုးရသစ်မှ ရေနံတူးဖော်ရေးအတွက် ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေကို ဖွင့်ပေးလိုက်ပြီ
တောရိုင်းတိရိစာန်များကို ထိန်းသိမ်းကာကွယ်ရန် မကြာသေးမီကပင် ကတိပြုထားသည့်ကြားမှ မြန်မာအစိုးရသစ်သည် စင်္ကာပူနှင့် ဂျပန်ကုမ္ပဏီ ၄ ခုအား ကမBာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေဖြစ်သည့် မြန်မာနိုင်ငံ ဟူးတောင်းချိုင့် ဝှမ်းဒေသတွင် ရေနံတူးဖော်ရန်ခွင့် ပေးလိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ နာမည်ကြီးစီးပွားရေး လုပ်ငန်း ရှင်တဉီးဖြစ်ပြီး မကြာသေးခင်က ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်အမတ် ဉီးဌေးမြင့်မှ စတင်လုပ်ဆောင်ခဲ့သည့် ကြီးမား ကျယ်ပြန့်သည့် ဇီဝလောင်စာဆီအတွက် စိုက်ပျိုးရေး လုပ်ငန်းများနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ၄င်းနယ်မြေမှာ ယခင်ကတည်းက စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေပြီးသားပင် ဖြစ်ပါသည်။
ဟူးကောင်းနယ်မြေဒေသတွင်းရှိ လုပ်ကွက် B (Block) မှ ရနိုင်ချေရှိသည့် ရေနံအားလုံးအတွက် အစိုးရပိုင် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အခိုင်အမာ စာချုပ်ချုပ်ဆိုထားကြောင်း ကုမ္ပဏီလေးခု စုပေါင်းဖွဲ့စည်း ထားသည့ှ် Silver Wave ရှာဖွေရေးနှင့် ထုတ်လုပ်ရေးအဖွဲ့မှ ပြီးခဲ့သည့်အပတ်၌ ကြေညာခဲ့သည်။ ထိုစီမံကိန်းဧရိယာ မှာ ၁၉၀၆၆ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ကျားထိန်းသိမ်းရေးနယ်မြေ၏ ၉၀ ရာခိုင်နှုန်းနီးပါး ပါဝင်သည်။
စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် ယုဇနဉီးဌေးမြင့်သည် လွန်ခဲ့သော ၂၀ဝ၆ ခုနှစ်တွင် ကျားထိန်းသိမ်းရေး နယ်မြေအတွင်း ဧကပေါင်း ၂၀ဝ၀ဝ၀ ကို ကြံနှင့် ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်း စတင်ရန်အတွက် လုပ်ပိုင်ခွင့် ရရှိခဲ့သည်။ ဘူဒို ဇာများနှင့် မြေတူးစက်များကြောင့် သစ်တောများပျက်စီးခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေဆိုသည့် ဆိုင်းဘုတ်များကိုသာ ချန်လှပ်၍ တိရိစြွာန်များ နေထိုင်သွားလာရာ လမ်းများကို ဖျက်ဆီးမှုများအကြောင်းကို ကချင်လူ မှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ (KDNG) မှ ၂၀၁၀ သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အသေးစိတ် တင်ပြထားသည်။
ဟူးကောင်းချိုင့်ဝှမ်းဒေသမှ ကျားထိန်းသိမ်းရေးနယ်မြေကို ၂၀ဝ၁ ခုနှစ်တွင် အမေရိကန်အခြေစိုက် တောရိုင်းတိရိစြွာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS) ၏ အကူအညီဖြင့် စတင်တည်ထောင်ခဲ့သည်။ (WCS) မှ ဟူးကောင်းချိုင့်ဝှမ်း ဒေသသည် အနာဂတ်တွင် ကျားထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အဓိကနေရာ ဖြစ်လာမည့်အကြောင်း ပြောဆိုတင်ပြ မှုများ ရှိသော်လည်း ကျားထိန်းသိမ်းရေးနယ် မြေဖျက်ဆီးနေသည့်အပေါ် မည်သည့်တုံ့ပြန်မှုမှ လုပ်ဆောင်ခြင်း မရှိသေး ပေ။ မြန်မာအစိုးရမှ နောင် ၁၂ နှစ်အတွင်း ချိုင့်ဝှမ်းဒေသတွင် ကျားကောင်ရေ ၅၀ မှ ၁၀ဝ ထိ နှစ်ဆ တိုးမြင့်လာမည်ဟု ပြောဆိုခဲ့သည့် ကမBာ့ကျားထိန်းသိမ်းရေး အစည်းအဝေးပြီးနောက် လအနည်းငယ်အကြာတွင် ဤရေနံတူးဖော်ခွင့်ကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ သမ္မတသစ်ဖြစ်သူ ဗိုလ်ချုပ်ဟောင်း သိန်းစိန်မှ မတ်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည့် ၄င်း၏ ပထမဆုံး မိန့်ခွန်းတွင် မြန်မာနိုင်ငံအနေဖြင့် သစ်တောများထိန်းသိမ်းရန်နှင့် တောရိုင်းတိရိစြွာန်များကာကွယ်ရန်အတွက် အထူးစီမံ ချက်များကို အထူးအာရုံစိုက် အလေးပေးလုပ်ဆောင်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
‘ဗိုလ်ချုပ်ဟောင်း သိန်းစိန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စကားလုံးလှလှလေးတွေသုံးပြီး ပြောနေတာ တွေက လေထဲမှာပါပဲ။ တကယ့်လက်တွေ့မှာ ရေနံအတွက် ရင်းနှီးမြှုပ်နှံတဲ့သူတွေက သူတို့လုပ်ချင်တာအတွက် ပိုက်ဆံပေးလို့ရပေမယ့် ကျားတွေကတော့ အဲလိုလုပ်လို့မရဘူး’ ဟု (KDNG) မှ ပြောရေးဆိုခွင့်ရှိသူ အာနန်မှ ပြောသည်။
မြန်မာနိုင်ငံတွင် မကြာသေးခင်အချိန်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် အစိုးရအထက်တွင် စစ်တပ်အာဏာကို တိတိကျကျ ပြဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဉပဒေကို အခြေပြု၍ စစ်တပ်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့် စစ်တပ်ဗိုလ်ချုပ်ဟောင်းများသာ အဓိကပါဝင်သော အစိုးရသစ်တရပ်ကို မွေးဖွားပေးခဲ့သည်။
‘ဟူးကောင်းချိုင့်ဝှမ်းဒေသမှာရှိတဲ့ ရေနံတူးဖော်ရေးလုပ်ငန်းအခြေအနေကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရက ဘယ်နိုင်ငံ တကာသဘောတူစာချုပ်တွေကိုပဲ လက်မှတ်ရေးထိုးပါစေ၊ နိုင်ငံတွင်းမှာ ဘယ်ပြည်တွင်းဉပဒေတွေပဲ ချမှတ်ချမှတ် ဒီဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့နဲ့ပူးတွဲလုပ်ဆောင်တဲ့ ကုမ္ပဏီတွေကတော့ ဉပဒေရဲ့ အထက်မှာ ရှိနေဉီးမှာပဲ’ ဟု အာနန်မှ ဆို သည်။
၁။ ‘စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ရေနံတူးဖော်ရေးလုပ်ငန်းတွေပဲ ပြည့်နေတဲ့ ဒီနယ်မြေက ကျားထိန်းသိမ်းတဲ့နယ်မြေ လုံးဝမဟုတ်တော့ဘူး’ ဟု အာနန်မှ ပြောသည်။ ‘အခု အစိုးရသစ်က အရင် စစ်အာဏာရှင်နဲ့ ဘာမှ မကွာဘူး၊ ထိန်းသိမ်းစောင့်ရှောက်တဲ့သူတွေကလည်း နှုတ်ဆိတ်နေတဲ့အချိန်မှာ ကုမ္ပဏီတွေက သူတို့လုပ်ချင်ရာလုပ်ဖို့ ခွင့်ပြုချက် လိုင်စင်တွေ ရထားတယ်’ ဟု သူမမှ ဆက်ပြောသည်။
၂။ ‘ကြီးမားကျယ်ပြန့်တဲ့ ဇီဝလောင်စာဆီအတွက် စိုက်ပျိုးရေးတွေ၊ ရေနံတူးဖော်ရေးလုပ်ငန်းတွေကြားမှာ ကျားထိန်းသိမ်းရေးနယ်မြေ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။ ဒီစီမံကိန်းက ကျားထိန်းသိမ်းရေးနယ်မြေအတွက် နောက်ထပ် ခြိမ်း ခြောက်မှုတခုကိုလည်း ဖြစ်စေပါတယ်။’ဟု KDNG မှ ပြောရေးဆိုခွင့်ရှိသူ အာနန်မှ ပြောသည်။ ‘တကယ်လို့ ထိန်းသိမ်းစောက်ရှောက်ရေးလုပ်နေသူတွေက ဒီလိုပဲ နှုတ်ဆိတ်နေမယ်ဆိုရင် ယုဇနလိုမျိုးပဲ ဒီကုမ္ပဏီတွေကလည်း ဗိုလ်ချုပ်ကြီးတွေရဲ့ အကူအညီတွေနဲ့ သူတို့စိတ်ကြိုက် လုပ်နေဉီးမှာပဲ’ ဟု သူမမှ ဆက်ပြောသည်။
ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့မှ ထုတ်ပြန်သည့် Tyants, Tycoons and Tigers အစီရင်ခံစာတွင် ဒေသခံလူများ၏ နယ်မြေအသိမ်းခံရမှုများ၊ ကောက်ပဲသီးနှံများ ဖျက်ဆီးခံရမှုများနှင့် ယုဇနမှ ဒေသခံများ၏ လူနေထိုင်မှု ဘဝများကို ထိန်းချုပ်ကန့်သတ်မှုများအကြောင်း အသေးစိတ် ဖော်ပြထားသည်။
‘ဒီရေနံတူးဖော်တဲ့ စီမံကိန်းက ဒေသခံလူတွေအတွက် ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒေသခံလူတွေအပေါ် နောက်ထပ် အခွင့်အရေး ချိုးဖောက်မှုတွေ၊ သူတို့အတွက် ပိုပြီးခက်ခဲတဲ့ ဘဝတွေကိုသာ ဖန်တီးပေးမှာဖြစ်တယ်’ဟု အာ နန်မှ ပြောသည်။
(KDNG) မှ မြန်မာအစိုးရသစ်အား ဤကဲ့သို့ ဒေသခံပြည်သူများ၏ ဘဝနှင့် ကျားထိန်းသိမ်းရေးနယ်မြေများကို ဆိုးကျိုး သက်ရောက်စေနိုင်သည့် ကြီးမားကျယ်ပြန့်သော ဖွံ့ဖြိုးရေးစီမံကိန်းများလုပ်ဆောင်ရန် ခွင့်ပြုနေမှုများကို ရပ်တန့်ရန် တောင်းဆိုပါသည်။
ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့သည် ဟူးကောင်းချိုင့်ဝှမ်းဒေသအခြေအနေများကို ၂၀ဝ၆ ခုနှစ်ကတည်းကစ၍ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေပြိး ၂၀ဝ၇ ခုနှစ်တွင် “Valley of Darkness” နှင့် ၂၀၁၀ ခုနှစ်တွင် “Tyrants, Tycoons and Tigers” အစီရင်ခံစာများကို ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာများကို့ အအစါ်၊တတတ၏ျေုပက၏ခသာ တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။ သတင်းဌာနများအတွက် ကျားထိန်းသိမ်းရေးနယ်မြေမှ ဓာတ်ပုံများနှင့် ဗွီဒီယိုများကိုလည်း ရယူနိုင်ပါသည်။