ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KDNG) သည် ကချင်ပြည်နယ်တွင်းနှင့် ပြင်ပရောက် ကချင်လူမှုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းများ စုပေါင်းထားသော ကွန်ယက်အဖွဲ့ဖြစ်ပြီး ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် စတည်ဖွဲ့စည်းခဲ့သည်။
KDNG အဖွဲ့သည် ဒေသခံ ပြည်သူများ၏ တန်းတူညီမျှမှုနှင့် တရားမျှတမှုအပေါ် အခြေခံသော ငြိမ်းချမ်းဖွံ့ဖြိုးသာယာသည့် လူမှုအဖွဲ့အစည်းတခု တည်ဆောက်ရန် မြှင့်တင်ဆောင်ရွက်သော အဖွဲ့ဖြစ်သည်။ အဖွဲ့အနေဖြင့် စစ်အစိုးရ၏ သဘာဝသယံဇာတများပေါ် ခေါင်းပုံဖြတ်မှုများကို မှတ်တမ်းတင်ပြီး သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်ထုတ်ယူရေးနှင့် တသီးစားစိုက်ပျိုးရေး အပါအ၀င် အကြီးစား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကိုလည်း ကောက်ယူစုဆောင်းသည်။
ကျေးရွာသူရွာသားများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးရန်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာပြဿနာများကို ဒေသအဆင့် အဖြေရှာနိုင်ရေးအတွက် မြင့်တင်ဆောင်ရွက်မှုကို ဒေသခံပြည်သူများ၊ ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်၍ ဤကဲ့သို့ ထိခိုက်ပျက်စီးစေသည့် မူဝါဒများအစား အခြားနည်းလမ်းများ အသုံးပြုနိုင်ရန် မြှင့်တင်ပေးသည်။ ဤလုပ်ငန်းစဉ်များအားလုံး လုပ်ဆောင်ရာတွင် အဖွဲ့အနေဖြင့် ဖွံ့ဖြိုးတိုးက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် လှုပ်ရှားမှုများအတွင်းအမျိုးသမီးများ ပိုမိုပါဝင်မှုကို အားပေးသည်။
KDNG အနေဖြင့် ဤကဲ့သို့ ကြိုးပမ်းလုပ်ဆောင်မှုများမှတဆင့် ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ ပြည်သူများအတွက် နိုင်ငံရေးပြောင်းလဲရေး၊ တရားမျှတရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတိုက်ပွဲအတွင်း တစိတ်တဒေသအဖြစ် ပူးပေါင်းပါဝင်နိုင်သည်ဟု မျှော်လင့်ပါသည်။