ဤအစီရင်ခံစာသည် မြစ်ဆုံရေကာတာစီမံကိန်းနှင့် ဟူးကောင်းဒေသရှိယုဇန၏ အကြီးစားစိုက်ပျိုးရေး စီမံကိန်းအတွက်လုပ်ဆောင်ရန်အတွက် အတင်း အဓမ္မ ရွှေ့ပြောင်းခြင်းကို တိုက်ရိုက် ဆိုးကျိုးခံစားနေကြရသော တေင်သူလယ်မားများမှ ၄င်းတို့၏ လက်ရှိဘဝ အခြေအနေများကို တင်ပြထားသည်။
Mungchying Rawt Jat (MRJ) သည် အစိုးရ၏ ကချင်ပြည်အတွင်း အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းများ ကြောင့် တိုက်ရိုက်ဆိုးကျိုးခံစားနေရသော ဒေသခံပြည်သူများဖြင့် ၂၀၁၂ စက်တင်ဘာလတွင် စတင် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည်။
ကြညါခ့ပငညျွါတေအဲအေ (MRJ) ၏ရည်ရွယ်ချက်
● အခြေခံလူထုများ ဖွံ့ဖြိုးရေး၊
● ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုရရှိရေး၊
● သဘာဝအရင်းအမြစ်ထိန်းသိမ်းကာကွယ်ရေး၊
● ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဒေသခံများ ပါဝင်ဆုံးဖြတ်ခွင့်ရရှိရေး၊
● ဒေသခံများအတွက် ငြိမ်းချမ်းလုံခြုံသော ဘဝရရှိရေး။