မြန်မာနိုင်ငံမြောက်ဖက် လူသူမနီးဟူးကောင်းချိုင့်ဝှမ်း ဒေသအတွင်း ဖြစ်ပွားနေသည့် ခါးသီး ရင်နင့်ဖွယ် မြေယာကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားမှုတခုအကြောင်း ဖွင့်ထုတ်ရေးသားမှု တခုဖြစ်သည်။ ချိုင့်ဝှမ်းဒေသအတွင်း မျိုးဆက်များစွာ ရပ်တည်နေထိုင်လာကြသည့် လယ်သမားများက ဘူဒိုဇာများကို မောင်းထုတ်ခြင်းကို၊ ဒေသခံများက အာဏာပိုင်များထံသို့ တရားဝင် မေတ္တာရပ်ခံခြင်းလုပ်ဆောင်ခဲ့ကြသည်။ တကယ်တမ်းတွင် လယ်သမားများသည် ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေကို ဧရာမ တသီးစားစိုက်ခင်းအဖြစ် ပြောင်းလဲပစ်ရန် အားထုတ်နေသည့် တိုင်းပြည်၏ သြဇာအရှိဆုံး ထိပ်တန်းစီးပွားရေးသမားများအနက် တဉီးနှင့်ရင်ဆိုင်အံတုနေကြရခြင်းဖြစ်သည်။